How to conserve your energy?
ဒီနေ့ဒီခေတ်မှာ Energy conservation ဟာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ နယ်ပယ် တော်တော်များများမှာ ထည့်သွင်းစဉ်းစား ဖြေရှင်းနေကြတဲ့ ကိစ္စတစ်ခုပါ။ တစ်နည်းအားဖြင့် Efficiency ပေါ့။ Energy တစ်ခုခုကို ဘယ်လောက်အထိ
စွမ်းအားပြည့် သုံးနိုင်မလဲ။ ဥပမာ မီးလုံး တစ်လုံးကို ထုပ်လုပ်တယ် ဆိုပါစို့။ အဲဒီမီးလုံး မီးလင်းအောင် Electrical energy ကိုသုံးတဲ့အခါ၊ Energy ရဲ့ ၉၀ ရာခိုင်နှုန်းလောက်က Heat အဖြစ်ပြောင်းသွားမယ်၊ ၁၀ ရာခိုင်နှုန်းလောက်ပဲ မီးလင်းတယ်ဆိုရင် Efficient မဖြစ်ဘူး၊ Efficiency တော်တော်နိမ့်တယ်လို့ ပြောရမှာပဲ။ အဲဒီလိုပဲ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ Energy ကို ဘယ်လို conserve လုပ်မလဲ၊ efficient ဖြစ်အောင် ဘယ်လိုသုံးမလဲဆိုတာ ကျွန်တော့်လို ဘာမှမသိသေးတဲ့ သူတွေအတွက် ကျွန်တော်ဖတ်ထား၊ မှတ်သားထားတာလေးတွေကို ဝေမျှလိုက်ပါတယ်….
ခန္ဓာကိုယ်ရဲ့ Energy ဘယ်လိုနည်းနဲ့ ကုန်သလဲ…. အလုပ်အကိုင်တွေလုပ်ရလို့၊ လှုပ်လှုပ်ရှားရှား လုပ်ရလို့ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် Energy ကုန်တာရယ်၊ စိတ်ကြောင့် Energy ကုန်တာရယ်ဆိုပြီး
၂မျိုးရှိတာ လူတိုင်းသိပြီးသားပါ။ အဲဒီလို Energy ကုန်တာ ၂မျိုးမှာ စိတ်ကြောင့်ကုန်တာက များပါတယ်။ တစ်နည်းအားဖြင့် အတွေးတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ဖိစီးမှုတွေကြောင့်ပေါ့…. နေ့စဉ် မနက်မိုးလင်းကတည်းက ညအိပ်ရာဝင်တဲ့အထိ
ဦးနှောက်နိုးကြားနေသရွေ့ အတွေးတွေ ရှိနေကြတာပဲ။ အဲဒီ အတွေးတွေထဲမှာ ကုသိုလ်အတွေးတွေ ( Positive thoughts ) က များမလား… အကုသိုလ်အတွေးတွေ ( Negative thoughts ) က များမလား…ဘယ်ဟာက ပိုများမလဲ….
သတိထားမိကြပါသလား။ ၀မ်းသာစရာ၊ ကြည်နူးပီတိဖြစ်စရာ အတွေးတွေ ရှိနေတာ၊ စိတ်အေးချမ်း ကြည်လင်နေတာ နဲ့ လောဘ၊ ဒေါသ မောဟ စတဲ့ Negative thoughts တွေ တစ်နေ့ တစ်နေ့ ဘယ်ဟာက ပိုအဖြစ်များသလဲ။ ဥပမာဆိုပါစို့
ချစ်သူရည်စားနဲ့ ဝေးနေရတဲ့ လူငယ်တွေအနေနဲ့ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ “ချစ်သူနဲ့ တွေ့ချင်လိုက်တာ….” ဆိုတဲ့ လောဘဖြစ်တာ များမလား….. ကုသိုလ်ရရာရကြောင်းတွေ တွေးမိပြီး ကြည်နူးပီတိဖြစ်တာ.. စိတ်အေးချမ်းနေတာ
များမလား…. ကျွန်တော့်လို သာမန်ပုထုဇဉ်တစ်ယောက်အနေနဲ့ Negative thoughts တွေက ပိုများပါတယ်။ သုတေသနပြုချက်တွေအရ ဒေါသဖြစ်တာ၊ စိုးရိမ်သောကရောက်ရတာ၊ လောဘတွေ တချောင်းချောင်းထွက်နေတာ၊ စိတ်ဓာတ်ကျနေတာ….
ဒီလို Negative states of mind တွေကြောင့် ၁ နာရီအတွင်းမှာ ကုန်သွားတဲ့ Energy က၊ အလုပ်ကြမ်း ၈နာရီလောက် လုပ်ရလို့ ကုန်သွားတဲ့ Energy နဲ့ တူတယ်လို့ သိရပါတယ်။
ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ?….
ကျွန်တော်တို့ ဒေါသထွက်နေတယ် ဆိုပါစို့… အဲဒီလို စိတ်လှုပ်ရှားနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာ အက်ဒရင်နလင် ( Adrenaline ) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်ပါတယ်။ အဲဒီဟော်မုန်းကို ကျောက်ကပ်တွေရဲ့
အထက်မှာရှိတဲ့ Adrenaline glands တွေက ထုတ်ပေးပါတယ်။ ဒီဟော်မုန်းက လူ့ခန္ဓာကိုယ်ကို နိုးကြားလာအောင် လှုံ့ဆော်ပေးတယ်။ ခန္ဓာကိုယ်က Energy ကိုပိုသုံးအောင် လှုံ့ဆော်ပေးတယ်။ ဥပမာ… ပြေးရမယ်ဆိုပါစို့…. အဲဒီဟော်မုန်းတွေ
ထွက်လာတယ်။ ပြေးနေစဉ်မှာလည်း ထွက်တယ်။ Energy consumption rate တက်လာတယ်… သွေးကြောတွေ ကျယ်လာပြီး သွေးစီးဆင်းမှုတွေ မြန်လာစေတယ်။ နှလုံးခုန်နှုန်းလည်း ပြိုမန်လာစေတယ်။ ဒါကြောင့် နှလုံးခုန်နှုန်း ပိုမြန်လာတာနဲ့အမျှ
မောလာတယ်။ ဒီတော့ ဒေါသထွက်နေရင်လည်း ဒီဟိုမုန်းထွက်နေတဲ့အတွက် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိဘဲ Energy ကုန်လာတယ်… ပင်ပန်းလာတယ် ဆိုတဲ့သဘောပါ…. ကျွန်တော်တို့ နှလုံးခုန်နှုန်းက ပုံမှန်အားဖြင့် ၁မိနစ်မှာ အကြိမ် ၇၀ ဆိုတာ
လူတိုင်းသိပါတယ်။ ဒါပေမယ့် စိတ်လှုပ်ရှားမှုများလာရင်… ဒေါသထွက်လာရင် နှလုံးခုန်နှုန်းက အကြိမ် ၁၀၀မက ခုန်နိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပူပန်သောကဖြစ်တာ… ဒေါသဖြစ်တာ… ၀မ်းနည်းပူဆွေးရတာ…ဒီလို Negative states of mind
တွေကြောင့် Hypertension (သွေးတိုးရောဂါ)၊ နှလုံးရောဂါတွေ ဖြစ်လာတယ်။ မူလကတည်းက သွေးတိုးရောဂါရှိတဲ့လူတွေ ဒေါသဖြစ်လွန်းရင်… သောကရောက်လွန်းရင် ဦးနှောက်သွေးကြော ပြတ်ပြီးသေတာ၊ နှလုံးရောဂါရှိတဲ့လူတွေ
စိတ်လှုပ်ရှားလွန်းရင် Heart attack ရပြီး သေတာဟာ အခုရှင်းပြခဲ့တဲ့ အကြောင်းအရင်းတွေကြောင့်ပါပဲ။
ပြီးတော့ ဒေါသထွက်နေစဉ်မှာ အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထွက်ပါတယ်… အဲဒီအက်ဆစ်က အစာအိမ်ကို အဆိပ်သင့်စေပါတယ်။ ဒါ့ကြောင့် ဒေါသထွက်တာ၊ အပျော်လွန်တာ၊ သောကရောက်လွန်းတာ စတဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်နေချိန်မှာ
အစားအစာ ကောင်းကောင်း စားလို့မရတာပါ။ ပြီးတော့ ဒေါသကြီးလွန်းတဲ့လူတွေမှာ အစာအိမ်ရောဂါ အဖြစ်များတယ်လို့ ကျွန်တော်ကြားဖူးပါတယ်။ ( ဟုတ်မဟုတ်တော့ မသိပါဘူး။ )
ဒီတော့ စိတ်လှုပ်ရှားမှုတွေနည်းအောင်( တစ်နည်းအားဖြင့် စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေနည်းအောင် )၊ ခန္ဓာကိုယ် Energy ဆုံးရှုံးမှုနည်းအောင် ဘယ်လိုလုပ်မလဲ?
ကျွန်တော်သိထားတဲ့ နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ ဗုဒ္ဓရှင်တော်မြတ် ဟောကြားခဲ့တဲ့ သတိပဌာန်နည်းပါပဲ။ ဆရာတော်ကြီးများ ဟောကြားတာ ခဏခဏ နာဖူးကြမှာပါ။ အခု ဆရာတော်ဦးဇောတိက နိုင်ငံခြားမှာ ဟောကြားခဲ့တဲ့ Meditation
with visualization ဆိုတဲ့ တရားတော်ထဲက အချက်အလက်အချို့ကို ကောက်နှုတ် တင်ပြချင်ပါတယ်….. သတိရှိနေတဲ့သူ၊ တရားအားထုတ်နေသူဟာ မိမိစိတ်မှာ၊ မိမိခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲ သတိထားမိတယ်။ သိနေတယ်။ လောဘ၊ ဒေါသ
ဖြစ်လာရင် လောဘကို လောဘလို့ မြင်မယ်။ ဒေါသကို ဒေါသလို့ပဲ မြင်မယ်။ စိတ်ခံစားမှုတစ်ခုလို့ပဲ မြင်နေတဲ့အတွက် လောဘ၊ ဒေါသကို စိတ်ကို လွှမ်းမိုးခွင့် မပေးဘူး။ အဖြစ်အပျက် သဘောတရားတစ်ခုလို့ပဲ မြင်တယ်။ ဒေါသဖြစ်နေရင် ဒေါသကို
တည့်တည့်ကြည့်နေမယ်၊ ရှုမှတ်နေမယ်။ အဲဒီလို ရှုမှတ်ခံရတဲ့၊ တည့်တည့်အကြည့်ခံရတဲ့ စိတ်ခံစားမှု၊ ဒေါသဟာ Intensity တက်မလာတော့ဘူး။ အဲဒီလို ကြည့်ပါများရင် ဒေါသဟာ အားနည်းသွားပြီး တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်။ ဒီတော့
ဒေါသကြောင့် ခန္ဓာကို exhausted မဖြစ်တော့ဘူး။ ဒေါသနဲ့ မပြောမိတဲ့ အတွက် ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေမယ်။ ဆုံးဖြတ်ချက်ချစရာရှိရင်လည်း ဒေါသနဲ့ မဆုံးဖြတ်တဲ့အတွက် အမှားနည်းလာမယ်။ မှန်မှန်ကန်ကန်
ဆုံးဖြတ်နိုင်လာမယ်။ ဒါကြောင့် တရားအားထုတ်တဲ့လူဟာ စိတ်လှုပ်ရှားမှုတွေကို handle လုပ်လာနိုင်မယ်။ စိတ်လှုပ်ရှားမှုတွေ နည်းလာမယ်။ စိတ်လှုပ်ရှားမှုနည်းလာတာနဲ့အမျှ စိတ်ကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှု၊ Energy ကုန်ဆုံးမှုနည်းလာမယ်။
အတွေးတွေနည်းလာတာနဲ့အမျှ ဦးနောက်အလုပ်လုပ်ရတာလည်း နည်းလာတော့ Energy သုံးစွဲမှု နည်းလာမယ်။ ဦးနှောက်က Energy ကိုသုံးတယ်ဆိုတာက Glucose ကိုသုံးတာပဲ။ Glucose က ကာဗိုဟိုက်ဒရိတ်ကရတယ်။ အထက်မှာ
ကျွန်တော်တင်ပြခဲ့ Adrenaline ဟော်မုန်းက အသည်းထဲမှာ ကာဗိုဟိုက်ဒရိတ်ကို အောက်ဆီဂျင်နဲ့ပေါင်းပြီး Glucose ဖြစ်အောင် Transform လုပ်တဲ့ Process မှာ ထောက်အကူပြုပေးပါတယ်။
ဒီတော့ စိတ်ကြည်လင် အေးချမ်းနေရင် ဦးနှောက်အလုပ်လုပ်တာ နည်းတဲ့အတွက် ခန္ဓာကိုယ်ကလည်း Energy ပြည့်နေမယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူတွေ၊ နှလုံးရောဂါရှိသူတွေ တရားအားထုတ်လို့ ကြာလာတဲ့အခါ သွေးတိုးရောဂါ
သက်သာပျောက်ကင်းသွားတာ၊ နှလုံးရောဂါ သက်သာလာတာတွေ တွေ့ရပါတယ်။
ဒါ့ကြောင့်…. နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်သည်အထိ ရည်မှန်းမထားရင်တောင်မှ မိမိရဲ့ခန္ဓာကိုယ် Energy အလဟဿ ကုန်ဆုံးမှုနည်းအောင်လောက်တော့ ရည်မှန်းပြီး တရားအားထုတ်နိုင်ကြပါစေ….